Golden Dreams ဝန်ဆောင်မှုကို အသုံးမပြုမှီ ဤစည်းမျဥ်းစည်းကမ်းများကို ဖတ်ရှုနားလည်သိရှိထားရန် လိုအပ်ပါသည်။
ဤစည်းမျဥ်းစည်းကမ်းများအရ Golden Dreams ဝန်ဆောင်မှုကို စီမံဆောင်ရွက်လျက် ရှိပါသည်။ သင်သည် Golden Dreams ဝန်ဆောင်မှုသို့ ဝင်ရောက်အသုံးပြုနေသူ သို့မဟုတ် စာရင်းပေးသုံးစွဲခြင်းပြုနေသူ ဖြစ်ပါက ဤစည်းမျဥ်းစည်းကမ်းများကို ဖတ်ရှုနားလည် သဘောတူလက်ခံပြီးဖြစ်ကြောင်း အတည်ပြုပါသည်။ ဤစည်းမျဥ်းစည်းကမ်းများ၏ အကြောင်းအရာတစ်ခုခုက်ို လက်ခံသဘောတူညီမှု မရှိပါက Golden Dreams ဝန်ဆောင်မှုကို အသုံးပြုနိုင်မည် မဟုတ်ပါ။
ဤဝန်ဆောင်မှု၏ စည်းကမ်းချက်များသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများအောက်တွင် တည်ရှိမည် ဖြစ်သည်။
၁။ Golden Dreams ဝန်ဆောင်မှုကို အသုံးပြုသူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ အသက် ၁၈ နှစ်အောက်ဖြစ်ခဲ့ပါက အုပ်ထိန်းသူ၏ ခွင့်ပြုချက်ရယူပြီးမှသာ အသုံးပြုရပါမည်။
၂။ Golden Dreams ဝန်ဆောင်မှုကို မှတ်ပုံတင်ထားသော MPT ဆင်းမ်ကဒ် အသုံးပြုသူများအားလုံးမှ အခပေးစနစ်ဖြင့် အသုံးပြုနိုင်ပါမည်။
၃။ အသုံးပြုသူသည် ၎င်း၏ ဖုန်းအတွင်းသို့ ထည့်သွင်းအသုံးပြုမည်ဆိုပါက အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို သဘောတူညီရန် လိုအပ်ပါမည်။
၁။ စည်းမျဥ်းစည်းကမ်းများကို လိုအပ်သည့်အချိန်၌ ပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းအား အခါအားလျော်စွာ တိုးတက်မှုရှိအောင် ပြုလုပ်သွားပါမည်။
ထိုဆောင်ရွက်မှုများ အကောင်အထည်ပေါ်လာပါက စည်းမျဥ်းစည်းကမ်းအသစ်များကို စတင်အသုံးမပြုမှီ ၁၅ ရက်ခန့် ကြိုတင်၍ အကြောင်းကြားနိုင်ရန် ကြိုးစားပါမည်။
၂။ Golden Dreams ဝန်ဆောင်မှုအား အခပေးအသုံးပြုနေသောသူများအတွက် အခါအားလျော်စွာ ကျင်းပပြုလုပ်သော Promotion များနှင့် အခြားသော Campaign များ၏ လိုအပ်သော စည်းမျဥ်းစည်းကမ်းများကို လိုအပ်သလို ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပြီး အငြင်းပွားမှုကိစ္စအကြောင်းအရာ တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါက Golden Dreams ဝန်ဆောင်မှု၏ ဆုံးဖြတ်ချက်အတိုင်း သဘောတူနားလည်ပြီး လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။
၁။ Golden Dreams ဝန်ဆောင်မှုတွင် အခြားကြေငြာ Website များ သို့မဟုတ် Mobile App (Linked Site)များ သို့မဟုတ် ချိတ်ဆက် Link များ ပါဝင်နိုင်ပါသည်။ ထိုကြေငြာ Linked Site များသည် ကျွန်ုပ်တို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသောကြောင့် ထို Linked Site များ၏ တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲခြင်းများအတွက် တာဝန်ယူမည် မဟုတ်ပါ။
Golden Dreams ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခမှာ တစ်ရက်လျှင် ၁၄၉ ကျပ် ကျသင့်မည် ဖြစ်ပါသည်။
Golden Dreams ဝန်ဆောင်မှုသည် စာရင်းပေးသုံးစွဲသော ဝန်ဆောင်မှုအား ရယူထားရန် လိုအပ်ပါသည်။စည်းမျဥ်းစည်းကမ်းများကို ဖတ်ရှုနားလည်ထားပြီး အခပေးဝန်ဆောင်မှုအား မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းမှု၊ ခြိမ်းခြောက်မှု မပါရှိဘဲ မိမိသဘောဆန္ဒအရ ရယူထားသူ ဖြစ်ရပါမည်။
အခပေးဝန်ဆောင်မှုအား မိမိသဘောဆန္ဒအရ ကျေနပ်စွာ ရယူထားပြီးဖြစ်ပါက နေ့စဥ် အလိုအလျောက် သက်တမ်းတိုးပေးသွားမည် ဖြစ်ပါသည်။
နေ့စဥ်ကျသင့်ငွေအတွက် လက်ကျန်ငွေ လုံလောက်မှုမရှိပါက ထိုနေ့အတွက် အလိုအလျောက် သက်တမ်းတိုးပေးနိုင်မည် မဟုတ်ပါ။
ဝန်ဆောင်မှုကို ဆက်လက်အသုံးမပြုလိုပါက ဝန်ဆောင်မှုအား မိမိသဘောဆန္ဒအရ အချိန်မရွေး ရပ်နားနိုင်ပါသည်။
၁။ ယခုဝန်ဆောင်မှုသည် MHH Co.,Ltd မှ ရေးဆွဲထားသော ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ တရားဝင် မူပိုင်ခွင့်မှတ်ပုံတင်ထားပြီး ပြဌာန်းထားသော တည်ဆဲတရားဥပဒေ၏ ကာကွယ်မှုအောက်တွင် တည်ရှိသည်။
၂။ Golden Dreams ဝန်ဆောင်မှုတွင် ပါဝင်သည့် HTML နှင့် အခြား Code များဖြင့် ဖွဲ့စည်းထားသော မာတိကာ (Contents) များ၊ အကြောင်းအရာများ၊ စာသားများ၊ ပုံများ စသည့်တို့အား ကူးယူသုံးစွဲခြင်း၊ ဆင်တူရိုးမှား ထင်ယောင်ထင်မှား တုပပြုလုပ်ခြင်းများအား ပြင်းထန်စွာ တားမြစ်သည်။
၃။ Golden Dreams ဝန်ဆောင်မှု၏ Logo အား ဆင်တူရိုးမှား ထင်ယောင်ထင်မှား တုပပြုလုပ်ခြင်းများကိုလည်း ပြင်းထန်စွာ ထားမြစ်သည်။
၄။ အခပေးအသုံးပြုသူများသည် Golden Dreams ဝန်ဆောင်မှုမှ အခါအားလျော်စွာ ကျင်းပလေ့ရှိသော Promotion အစီအစဥ်များနှင့် အခြား Campaign အစီအစဥ်များတွင် ထုတ်ပြန်ကြေညာထားသည့် စည်းမျဥ်းစည်းကမ်းများအတိုင်း ပါဝင်ခွင့် ရှိပါသည်။
၅။ အသုံးပြုသူသည် Golden Dreams ဝန်ဆောင်မှုတွင် ပါဝင်သည့် အကြောင်းအရာများကို အချိန်နှင့် တစ်ပြေးညီ အသုံးပြုနိုင်ရန်အတွက် Internet (Mobile Data/Wifi) ချိတ်ဆက်အသုံးပြုရန် လိုအပ်ပါသည်။
၆။ Golden Dreams ဝန်ဆောင်မှုတွင် လွှင့်တင်ထားသော သတင်းအကြောင်းအရာများကို အများနှင့်သက်ဆိုင်သောနေရာများတွင် ပြန်လည်ဖြန့်ဝေခြင်း၊ တစ်ဦးတစ်ယောက်၏ ပုဂ္ဂလ အကျိုးစီးပွား သို့မဟုတ် အသင်းအဖွဲ့၊ ကုမ္ပဏီ စသည်တို့၏ အကျိုးစီးပွားအတွက် ဖြန့်ဝေခြင်း၊ ရောင်းချခြင်းများကို ပြင်းထန်စွာ တားမြစ်သည်။
၇။ Golden Dreams ဝန်ဆောင်မှုအား တရားဝင်ခွင့်ပြုထားသော Download Link များမှ ဖြစ်စေ၊ Bluetooth, Sharing apk, Zapyar, Flash Transfer စသည်တို့ဖြင့် လွတ်လပ်စွာ ဖြန့်ဝေသုံးစွဲနိုင်ပါသည်။ အထက်ပါ အချက်အလက်များကို ဖတ်ရှုနားလည်သဘောတူညီပြီးဖြစ်ပါက အသုံးပြုရန် ဆက်လက်လုပ်ဆောင်နိုင်ပြီ ဖြစ်ပါသည်။
ဗဟုသုတ တိုးပွားစေဖို့ နှင့် ဉာဏ်ရည်ဉာဏ်စွမ်းထက်မြတ်ပီး ထူးချွန်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ ကဏ္ဍစုံ နယ်ပယ်စုံမှ ဗဟုသုတအကြောင်းအရာ ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုနိုင်တဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို မိမိတို့ မိုဘိုင်းလ်ဖုန်း SMS (သို့) www.quizmyanmar.com မှတစ်ဆင့် လွယ်လင့်တကူရယူနိုင်ပြီး ဗဟုသုတဉာဏ်စမ်းများစွာကို Web Access Protocol (WAP) ပေါ်တွင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုကို ရယူအသုံးပြုသူများအတွက် လေ့လာမှတ်သားဖွယ် အထွေထွေဗဟုသုတများကို သိရှိနိုင်ရုံသာမက တန်ဖိုးကြီး ဆုမဲပေါင်းများစွာကို ကြိမ်ဖန်များစွာ ဆွတ်ခူးကံထူးနိုင်ဖို့ ထည့်သွင်းပေးထားပါတယ်။
Golden Dreams ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး ဗဟုသုတများစွာ ရရှိနိုင်ရုံသာမက ပဟေဠိဂိမ်းများသည် ပျော်ရွှင်မှုကို ဖြစ်စေပါသည်။
Golden Dreams ဝန်ဆောင်မှုတွင် ပထဝီဝင်၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ သမိုင်း၊ ကာတွန်း အစရှိသည်တို့ အပါအဝင် ပျော်စရာ၊ ဗဟုသုတနှင့် ဘာသာရပ်မျိုးစုံ ပါ၀င်ပါသည်။
Golden Dreams ဝန်ဆောင်မှု ရယူအသုံးပြုရန် (သို့) ဝန်ဆောင်မှုရယူရန်အတွက် ဝန်ဆောင်မှုရယူပုံ ၂ မျိုးရှိပါတယ်။ Golden Dreams မိုဘိုင်းအက်ပလီကေးရှင်း (သို့) ၀က်ဘ်ဆိုက်မှ တိုက်ရိုက် ဝန်ဆောင်မှုရယူနိုင်မှာဖြစ်ပီး တစ်ရက်လျှင် 149ks ကျသင့်မှာပဲဖြစ်ပါတယ်။ ထို့အပြင် လူကြီးမင်း၏ မိုလ်ဘိုင်းဖုန်းတွင် MPT ဖုန်းနံပါတ်ဖြင့် Message မှတစ်ဆင့် (၁)ရက်စာဝန်ဆောင်မှုအတွက် 8010 သို့ ON ဟု စာတို ပေးပို့ကာ ရယူအသုံးပြုနိုင်ပါသည်။
Golden Dreams မိုဘိုင်းအက်ပလီကေးရှင်းကို Andriod ဖုန်းများအတွက် Google Playstore မှသော်လည်းကောင်း၊ IOS ဖုန်းများအတွက် App Store မှသော်လည်းကောင်း Download ရယူနိုင်သည့်အပြင် www.quizmyanmar.com တွင်လည်း အသုံးပြုနိုင်ပါသည်။
Golden Dreams မိုဘိုင်းအက်ပလီကေးရှင်းကို ဖုန်းထဲထည့်သွင်းပြီးတာနဲ့ မိမိရဲ့ MPT ဖုန်းနံပါတ်နှင့် Register ပြုလုပ်ပြီး မေးခွန်းများ စတင်ဖြေဆိုနိုင်ပြီ ဖြစ်ပါတယ်။
MPT ဖုန်းနံပါတ်တစ်မျိုးတည်းဖြင့်သာ ဝန်ဆောင်မှု ရယူနိုင်ပါသည်။
Golden Dreams မိုဘိုင်းအက်ပလီကေးရှင်းမှာ ဝန်ဆောင်မှု ရယူဖို့ရန်အတွက် မိမိရဲ့ MPT ဖုန်းနံပါတ်ဖြင့် Register ပြုလုပ်ရမှာ ဖြစ်ပါတယ်။
တစ်ခါဝယ်ယူလျှင် မေးခွန်း ၅ခု ဖြေဆိုနိုင်မည်ဖြစ်ပြီး ၁၄၉ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။
အခမဲ့ အသုံးပြုလို့ မရပါ။ ဝန်ဆောင်မှု ရယူပီးမှ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Golden Dreams မိုဘိုင်းအက်ပလီကေးရှင်းမှ ဝန်ဆောင်မှုများ ရပ်တန့်လိုပါက app ထဲရှိ ပယ်ဖျက်မည်ကို နှိပ်ပြီး ဝန်ဆောင်မှုကို ပယ်ဖျက်နိုင်ပါသည်။ ထို့အပြင် နေ့စဉ် အသုံးပြုသူများအနေနဲ့ 8010 သို့ “OFF” ဟု စာတို ပေးပို့ခြင်းဖြင့်လည်း ဝန်ဆောင်မှုကို ရပ်တန့်နိုင်ပါသည်။
ဝန်ဆောင်မှု ပြန်လည်ရယူလိုပါက 8010 သို့ ON ဟုစာတို ပေးပို့ကာ ပြန်လည် ရယူနိုင်ပါသည်။
MPT ဖုန်းနံပါတ်ဖြင့် 8010 သို့ HELP ဟု စာတိုပေးပို့ကာ အကူအညီ ရယူနိုင်ပါသည်။
Golden Dreams မိုဘိုင်းအက်ပလီကေးရှင်းတွင် မေးခွန်းအမေးအဖြေ အစီအစဥ်များအပြင် Golden box အစီအစဥ် ပါဝင်မှာ ဖြစ်ပါတယ်။
ဘယ်ဖုန်းမဆို အသုံးပြုလို့ရနိုင်ပါတယ်။
iPhone မှာလည်း အသုံးပြုလို့ရနိုင်ပါတယ်။
English, မြန်မာနှစ်ဘာသာလုံးနဲ့ ကြည့်ရှု့လို့ရပါတယ်။
UniCode Font, ZawGyi font နှစ်မျိုးလုံးနဲ့ ရနိုင်ပါတယ်။
Internet Connection လိုအပ်ပါတယ်။
MPT ဖုန်းနံပါတ်ဖြင့် ဝန်ဆောင်မှုယူထားသူများမှာ Uninstall ပြုလုပ်သည်ဖြစ်စေ မပြုုလုပ်သည်ဖြစ်စေ MPT ဖုန်းဘေလ်မှ ဝန်ဆောင်ခကို ဖြတ်တောက်သွား မှာဖြစ်ပါတယ်။ ထိုဝန်ဆောင်မှုကို ပယ်ဖျက်လိုပါက Uninstall မပြုလုပ်မီ app menu ထဲမှ ပယ်ဖျက်မည် ကို နှိပ်မည် သို့ “8010” သို့ “OFF” ဟု စာတို ပေးပို့ရပါမည်။
MPT ဖုန်းကဒ်ဖြင့်သာ ဝန်ဆောင်ခကို ပေးချေနိုင်မှာ ဖြစ်ပါတယ်။ အခြားမည်သည့် ဆင်းမ်ကတ်နှင့်မှ မရပါ။
ဟုတ်ကဲ့ ရှိပါတယ်။ မေးခွန်းများများဝယ်ယူပီးဖြေဆိုခြင်းဖြင့်သော်လည်းကောင်း၊ Golden box ဆော့ကစားခြင်းဖြင့်သော်လည်းကောင်း အမှတ်ပို ရရှိနိုင်ပါတယ်။
ဟုတ်ပါတယ်။ သင်ရရှိထားတဲ့ အမှတ်စုစုပေါင်းက ဝန်ဆောင်မှုပြီးဆုံးချိန် ထိအကျုံးဝင်ပါတယ်။
Golden Box ဆိုသည်မှာ ဝန်ဆောင်မှုရယူထားသည့် ဆော့ကစားသူများအနေနှင့် တစ်နေ့လျှင် တစ်ကြိမ် အခမဲ့ Golden Box ကို ဖွင့်နိုင်မည်ဖြစ်ပြီး ဆုများအနေနဲ့ကတော့ -
- နောက်တစ်ကြိမ်ပြန်လည်ကစားခွင့်
- သင် ၁၀ မှတ် ရရှိပါသည်။
- သင် ၂၀ မှတ် ရရှိပါသည်။
- သင် ၃၀ မှတ် ရရှိပါသည်။
- သင် ၄၀ မှတ် ရရှိပါသည်။
- သင် ၅၀ မှတ် ရရှိပါသည်။
- သင် ၁၀၀ မှတ် ရရှိပါသည်။
MPT အသုံးပြုသူများကြားမှာ အထွေထွေဗဟုသုတ ကြွယ်ဝကာ ဉာဏ်စွမ်းထက်မြက်ပြီး အောင်မြင်ပျော်ရွှင်သော ဘဝကို ဖော်ဆောင်နိုင်ရန်၊ ဝန်ဆောင်မှုကို စိတ်ဝင်တစား အသုံးပြုသူများအတွက် အလန်းစား ဆုလက်ဆောင်များ ပေးအပ်ရန်၊ တန်ဖိုးကြီး ဆုလက်ဆောင်များဖြင့် ဆွဲဆောင်၍ မှတ်သားဖွယ်ရာ ဗဟုသုတများကို တက်တက်ကြွကြွ လေ့လာဖြစ်ရန်။
ဝန်ဆောင်မှုကို စာရင်းပေးသုံးစွဲသည့် MPT အသုံးပြုသူများ၊ အသက် (၁၈) နှစ်နှင့် အထက် စာရင်းပေးသုံးစွဲသူများ (သို့မဟုတ်) (၁၈) နှစ်အောက်ဖြစ်ပါက ဝန်ဆောင်မှုကို အသုံးပြုရန် မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရရှိထားပြီး စာရင်းပေးသုံးစွဲသူများ၊ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရသည့် စာရင်းပေးသုံးစွဲသူများအားလုံး ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်ပါတယ်။
MPT SIM Card အသုံးမပြုသူများ သို့မဟုတ် ဝန်ဆောင်မှုကို ရယူမထားသူများ၊ (၁၈) နှစ်အောက်ဖြစ်ပြီး မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက် မရရှိထားသူများ၊ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်မရသူများ၊ ဤပြိုင်ပွဲကို စီစဉ်သည့် ကုမ္ပဏီများတွင် အလုပ်လုပ်သူများ၊ MPT နှင့် ဤဝန်ဆောင်မှုနှင့် တိုက်ရိုက်သက်ဆိုင်သော ၎င်းတို့၏ မိတ်ဖက် အဖွဲ့အစည်းများအားလုံး ဝန်ဆောင်မှုတွင် ပါဝင်ခွင့်မရှိပါ။
ဆုရရှိသူများအား ဝန်ဆောင်မှုပေးသူဘက်မှ ဖုန်းဖြင့် ဆက်သွယ်ပြီး ဆုလက်ဆောင်ပစ္စည်းများကို ထုတ်ယူနိုင်ဖို့ စနစ်တကျ စီစဉ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။